Posts

  အပျိုကြီးမမများနဲ့ မုဆိုးမများရဲ့ အသည်းကျော် ကိုရင်လူထွက် မောင်ထူး ကျုပ် ကိုရင်ဝတ်တော့ အဘတို့ ဝတ်ခိုင်းလို့သာ ဝတ်ရတာဗျ…။ စိတ်ပါလို့ ဟုတ်ဘူး…။ ဒါပေမဲ့ ဝတ်ပြီးတော့လည်းကိုရင်ဘဝကို သဘောတော့ အကျသား…။ မနက် ဘုရားဝတ်တက်…အာရုံဆွမ်းစား..ပြီးတာနဲ့ ဆရာတော်နဲ့အတူ ဆွမ်းခံ လိုက်ရတယ်..။ ကျောင်းပြန်ရောက်တော့ ရေမိုးချိုး ခဏနားပြီး နေ့ဆွမ်းစား..၊ နေ့လည် တစ်နာရီလောက်ကျတော့ ဆရာတော်က စာချပေးတာ လိုက်အံ ရတယ်..။ ဒီဟာတော့ ကျုပ်နဲ့မကိုက်ဘူးဗျ..။ စာရေးတာ ဖတ်တာ တွက်တာ ချက်တာတွေကို စိတ်မဝင်စားဘူး…။ ဆရာတော်က စာချပြီး အညောင်းအညာဆန့်ရင် ကျုပ်ကို ခေါ်တော့တာပဲ..။ ကျုပ်ကလည်း ကပ္ပိယကြီးဆီကသင်ထားတဲ့အတိုင်း သေသေချာချာ နင်းနှိပ်ပေးတော့ ကျုပ် စာမလိုက်နိုင်တာတောင် ဘာမှ မပြောတော့ဘူး..။ ကျုပ် ဉာဏ်ထိုင်းတယ်ဆိုတာလဲ ဆရာတော်ကြီးက သိမှာပေါ့ဗျာ..။ ဒီလိုနဲ့ တစ်ဝါကနေ နှစ်ဝါ..သုံးဝါကျော်တော့ ကျုပ်အသက်လည်း ဆယ်ခုနှစ်နှစ်ကျော်လို့ ဆယ့်ရှစ်နျစ် ပြည့်တော့မယ်..။ အဲ့ဒီမှာပဲ ကျုပ်ဘ၀ တစ်ဆစ်ချိုး ပြောင်းဘို့ ဖြစ်လာတာပဲဗျို့..။ တစ်ရက် ဆရာတော်ကြီး တစ်ဘက်ရွာ်ကြွသွားတုန်း .ကျောင်းမှာက ကျုပ်နဲ့ ကပ္ပိယကြီးပဲ ကျန်နေခဲ့တာ…။ နေ့ဆွမ်းစားပြီး ကျုပ်က ဘု...